ချီဖွေ နိုဝင်ဘာ ၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ပြည်သူ့ဆေးရုံသို့ အလှူရှင်များက ဆေးရုံသုံး ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ချီဖွေပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ လာရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ချီဖွေမြို့နယ် ပြည်သူ့ဆေးရုံး သုံးပစ္စည်းများ လုံလုံလောက်လောက်အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆန်းလင်း အင်တာနေရှင်နယ် Export and inport ကုမ္ပဏီလီမိတက်မှ (Mobile X- Ray ) Machine (ဓာတ်မှန်စက်) (၁)လုံးနှင့် ဓါတ်မှန်ကူးစက်(၁)လုံး၊ မနောမြေယူနိုက်တက် ကုမ္ပဏီလီမိတက်မှ Infusion Pump (ဆေးသွင်းစက်) (၁)လုံး၊ မြန်မာမျိုးကိုကို ကုမ္ပဏီမှ Patient Bed (လူနာကုတင်) (၁)လုံးနှင့် Surgical Gown အစုံ(၅၀)၊ ဒီမိုကရေစီပါတီသစ် (ကချင်)မှ Patient Bed (လူနာကုတင်) (၁)လုံး၊ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဓနယ် အမှတ်(၂) ဦးဇခုန်ယိန်းဆောင်မှ ဆေးရုံရှိ 4×4 ကားအမိုးကိုင်း တပ်ဆင်ခြင်းအတွက် (၅)သိန်းကျပ်နှင့် စုစုပေါင်း (ရှစ်ဆယ့်တစ်သိန်းကျော်) တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများအား တာဝန်ရှိသူ အသီးသီးက ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းဆေးရုံသုံးပစ္စည်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လင်းလင်းထွန်း က လက်ခံရယူပြီး အလှူရှင် များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းမြင့်(မြို့နယ်ပြန်/ဆက်)