ပန်းတနော်၌ ပုသိမ်​မြို့ မေတ္တာဖွံ့ဖြိုးဖောင်ဒေးရှင်းမှ ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးသုံး ပစ္စည်းများ လှူဒါန်း

ပန်းတနော်  နိုဝင်ဘာ  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ပုသိမ်မြို့ မေတ္တာဖွံ့ဖြိုး ဖောင်ဒေးရှင်းမှ ပေးပို့လှူဒါန်းသော ကိုဗစ် - ၁၉ ​ရောဂါဆိုင်ရာ ကျန်းမာရေးသုံးပစ္စည်းများအား ယနေ့နံနက် ပိုင်းက ပန်းတနော်မြို့နယ် အတွင်းရှိ (Facility Quarantine Centre ) များသို့သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်လှူဒါန်းရာတွင် ပန်းတနော်မြို့ အ.ထ.က (၁)  Facility Quarantine Centre ၊ အင်းတကော Facility Quarantine Centre ၊ မြို့အဝင်/ အထွက် ကိုဗစ်- ၁၉ ကျန်းမာရေး စစ်ဆေးရေးဂိတ်နှင့် မြို့နယ်အရေးပေါ် လူနာတင်ယာဉ်အသင်းများသို့ PPE ဝတ်စုံများ၊ လက်အိတ် ၊Mask၊ Surgical Cap၊ Boots ၊ Hand Spray ၊ အမှိုက်အိတ်၊ရေသန့်ဘူး စသည့်ပစ္စည်းများအား ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးပရဟိတ အသင်းအဖွဲ့များစုပေါင်း၍ သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)