လပွတ္တာ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များအား ကိုဗစ်-၁၉ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိကို ယနေ့နံနက်က ရှောင်တခင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က မြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များအား (A)အဆင့်နှင့်အညီ ပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ လိုက်လံ စစ်ဆေးခဲ့ပြီး ဆိုင်အဝင်အထွက်တွင် လက်ဆေးစရာနေရာများ ပြင်ဆင်ထားရန်၊ ရောင်းချသူများ အနေဖြင့် ပါးစပ် နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield) တပ်ဆင်ရောင်းချရန်၊ ဆိုင်ထိုင် စားသောက်သူများအား (Mask) တပ်ဆင်စေပြီးမှသာ ဆိုင်ထဲသို့ ဝင်ရောက်ခွင့်ပြုရန်နှင့် အစားအသောက်များကို စနစ်တကျ သန့်ရှင်းသပ်ရပ်စွာ ရောင်းချကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း မြိုနယ်စည်ပင်သာယာရေး အဖွဲ့မှသိရသည်။
ဝင်းကျော်မြင့် (လပွတ္တာခရိုင်ပြန်/ဆက်)