နမ္မတူမြို့နယ်၊ ကျေးရွာများရှိ မသန်စွမ်း (၅၃)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်

နမ္မတူ            နိုဝင်ဘာ   

Dan Church Aid - Norwegin Church Aid (DCA-NCA)၏ ပံ့ပိုးမှုဖြင့် NeT (Never End Tomorrow)နှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မသန်စွမ်းသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊  နမ္မတူမြို့နယ်တွင်းရှိ ကျေးရွာများ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာတွင်  မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်၊ ရှမ်းပြည်နယ် မသန်စွမ်းသူများအသင်း ဘဏ္ဍာရေးမှူး ဦးစိုင်းရော်နီနှင့် NeTမှ ဒေါ်အားလိန်တို့က ယမန်နေ့တွင် နမ္မတူမြို့နယ် မန်စံကျေးရွာရှိ မသန်စွမ်း (၃၃)ဦး၊ မိုင်းမုကျေးရွာရှိ မသန်စွမ်း ()ဦး၊ ညောင်ဆွယ်ကျေးရွာရှိ မသန်စွမ်း ()ဦး၊ နားမတ်ကျေးရွာရှိ မသန်စွမ်း ()ဦး၊ နမ့်တောင်ကုန်းကျေးရွာရှိ မသန်စွမ်း ()ဦး၊ လွယ်ဝိန်းကျေးရွာရှိ မသန်စွမ်း ()ဦး၊ ပန်သပြေ (မြောက်)ကျေးရွာရှိ မသန်စွမ်း ()ဦး စုစုပေါင်း မသန်စွမ်းသူ (၅၃)ဦးအား   ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တစ်ဦးလျှင် အဝတ်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ()ခု၊ လက်ဆေးဆပ်ပြာရည် (500ml)ဗူး ()ဗူး Spray (100ml)ဗူး ()ဗူးနှင့် ထောက်ပံ့ငွေကျပ် (၂၀,၀၀၀)နှုန်းဖြင့် စုစုပေါင်း အဝတ်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၅၃)ခု၊ လက်ဆေးဆပ်ပြာရည် (500ml)ဗူး (၅၃)ဗူး Spray (100ml)ဗူး (၅၃)ဗူးနှင့် ထောက်ပံ့ငွေကျပ် (၁,၀၆၀,၀၀၀)ကျပ်အား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

နမ္မတူမြို့နယ်အတွင်း မသန်စွမ်းသူ (၂၉၇)ဦး ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေး သုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများအား နိုဝင်ဘာလ (၁၉) ရက်နေ့တွင် မသန်စွမ်းသူ (၁၀)ဦး၊ နိုဝင်ဘာလ (၂၀)ရက်နေ့နှင့် (၂၁) ရက်နေ့တွင် မသန်စွမ်းသူ (၄၇)ဦး၊ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် မသန်စွမ်းသူ (၆၀)ဦး၊ နိုဝင်ဘာလ (၂၃)ရက်နေ့တွင် မသန်စွမ်းသူ (၅၃)ဦး၊ စုစုပေါင်းမသန်စွမ်း (၁၇၀)ဦးအား ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်းနှင့် မသန်စွမ်းသူအားလုံး  အကျိုး ခံစားခွင့်ရရှိစေရေး အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း  ရှမ်းပြည်နယ်မသန်စွမ်းသူများအသင်း ဘဏ္ဍာရေးမှူး ဦးစိုင်းရော်နီထံမှ သိရသည်။

လူမော် (ပြန်/ဆက်)