မိုင်းတုံ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်၊မြို့ထွက် ဂိတ်များတွင် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
မြို့ဝင်၊ မြို့ထွက် ဂိတ်(၃)ဂိတ်မှ ယမန်နေ့ညနေ (၆)ရီအထိ ဖြတ်သန်းသွားလာသောကား (၇၅)စီးမှ ခရီးသွားပြည်သူ (၁၅၄)ဦးတို့အား နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ Test Kit ဖြင့် စစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်များစစ်ဆေး၍ မှတ်တမ်းရယူခြင်း၊ သက်ဆိုင်ရာ ရပ်/ကျေး ထောက်ခံချက် ပါ၊မပါစစ်ဆေးခြင်းများ ဆောင်ရွက်လျက် ရှိသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ နေ့စဉ်နံနက် (၆)နာရီမှ ညနေ(၉)နာရီထိ အလှည့်ကျ တာဝန်ချစနစ်ဖြင့် စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဝင်းဝင်းခိုင် (ပြန်/ဆက်)