ပန်းတနော်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာစီမံကိန်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပန်းတနော်  နိုဝင်ဘာ  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းနှင့် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မည့် ကျေးရွာများအား  ယမန်နေ့ မွန်းလွဲ နာရီက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မည့် ဝဲဒေါင့်ကျေးရွာအုပ်စု ရေလဲကြီးနှဲဟထုံးမြောက်ကျေးရွာတွင် ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားသည့် ရုံးတောကျေးရွာအုပ်စု ရုံးတောအနောက်စု ကျေးရွာတွင် လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေနှင့် အဆိုပြု လုပ်ငန်းများအား ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)