ကျောက်ပန်းတောင်းမြို့နယ် ပေါက်သစ်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်ပန်းတောင်း   ဇန်နဝါရီ   ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်းပြုလုပ် သည့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ပေါက်သစ်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်က  စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများဖြစ်သည့် ပြင်ပစာပေဗဟုသုတများ ရှာဖွေဖတ်ရှု လေ့လာရေးကို ဆွေးနွေးပြောကြားပြီး ပွေးကျစ်တိုက်နယ်ကျေး လက်ကျန်းမာရေးဌာနခွဲမှ ဦးမျိုးသီဟအောင် (PHS-1) က ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားတတ်သည့် အခြေအနေ များနှင့် မဖြစ်ပွားစေရန် ကြိုတင်ဆောင်ရွက်ထားရမည့်ကိစ္စများ၊ တစ်ကိုယ်ရေးသန့်ရှင်းရေးနှင့် လက်သန့်ရှင်ရေး အရေးကြီးပုံများကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြတ်သန္တာထွန်းက စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့် သက်တမ်းလွန်အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများ စားသောက်သုံးစွဲ မိသဖြင့် ဖြစ်ပွားလာနိုင်သည့် ရောဂါလက္ခဏာများ အကြောင်းကို ရှင်းလင်းပြောကြားပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။ အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ပြန်/ဆက်ဦးစီးဌာနမှ ချိတ်ဆွဲပြသထားသည် နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှုမှတ်တမ်းများဖြစ်သည့် နံရံကပ်ဓာတ်ပုံပြပွဲကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပြန်/ဆက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်သန္တာထွန်းနှင့် ဝန်ထမ်းများ၊ ပွေးကျစ်တိုက်နယ် ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဦးမျိုးသီဟအောင် (PHS-1)၊ ဒေါ်လှလှဌေး (LHV)၊ ဒေါ်သင်းအိမွန်(PHS-2)တို့ တက်ရောက်ခဲ့ကြပြီး ပေါက်သစ်ကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးလှိုင်နှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၈၉) ဦးတို့ တက်‌ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)