သီပေါ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ပြည်သူများနေအိမ်တွင် နေထိုင်ရေး ပန်ကြားချက်အား ပြည်သူများသိရှိလိုက်နာနိုင်စေရန် လှည့်လည်ဆော်သြခြင်းများကို ယနေ့နံနက် ၇ နာရီအချိန် က မြို့မစျေး၊ ဝက်ဝံယာယီပျံကျစျေုး၊ မြို့ပေါ်ရပ်ကွက်များနှင့် နီးစပ်ရာ ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် သီပေါမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များဖြစ်သော မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းကာ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးနှင့် ပြည်သူများမိမိတို့၏ နေထိုင်ရာနေအိမ်များတွင်သာ တတ်နိုင်သမျှ နေထိုင်ရေး ပန်ကြားချက်အား ပြည်သူများသိရှိလိုက် နာနိုင်စေရန် ဆော်သြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)