လိုင်လင်းပီ နိုဝင်ဘာ ၂၄
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် ရေလီတာ (၃၀၀)ဆံ့ရေတိုင်ကီ၊ Hand Speaker နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း ကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက်(၁၀) နာရီအချိန်၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက်ပစ္စည်းများလှူဒါန်းခြင်း၌ ကျန်းမာခြင်းနှင့် မျှော်လင့်ခြင်း (HHM)အဖွဲ့အစည်းနှင့် ဗြိတိန်ပြည်သူများကလှူဒါန်းထားသည့် ရေ (၃၀၀)လီတာဆံ့ ရေတိုင်ကီ(၂)လုံး၊ Hand Speaker(၂)ခု၊ စာအုက်လယ်ဂျာ(၂)အုပ်၊ ဘောပင်(၂)ထုပ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သော အပူချိန်တိုင်းကိရိယာ(၂)ခု၊ လက်ဆေးဘေစင်(၂)ခု၊ Hand gel(၂)ဘူးနှင့် ငွေသား ၆၀,၀၀ဝိ/- (ကျပ်ခြောက်သောင်းတိတိ) တို့အား ကျန်းမာခြင်းနှင့်မျှော်လင့်ခြင်း(HHM)အဖွဲ့အစည်းမှ တာဝန်ရှိသူများကပေးအပ်ရာ လိုင်လင်းပီမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်တီမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းကျန်းမာခြင်းနှင့်မျှော်လင့်ခြင်း(HHM)အဖွဲ့အစည်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး ဆောင်ရွက် သည့် လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် ကျေးရွာများအထိ အလျဉ်းသင့်သလိုလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ယာကမ်(ပြန်/ဆက်)