နွားထိုးကြီးမြို့တွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် Mask And Face Shield Campaign ဆောင်ရွက်

နွားထိုးကြီး နိုဝင်ဘာ ၂၄

နွားထိုးကြီးမြို့နယ်ရှိ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းအဖြစ် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု (Mask And Face Shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယနေ့ နံနက် ၇ နာရီက နွားထိုးကြီးမြို့၊ စည်ပင်သာယာဈေးတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း (Mask And Face Shield) မဖြစ်မနေ တပ်ဆင်ရေးအတွက် စည်းရုံးလှုံဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း Mask (၄၀၀၀)၊ Face Shield (၃၄၀) အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရးရာ ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပြီး (Mask And Face Shield Campaign) ဆောင်ရွက်ခြင်းအား မြို့နယ်အတွင်း နေရာများခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်