ကျောက်ဆည်မြို့နယ် ကျီးပြကျေးရွာနှင့် ပြည်တော်သာကျေးရွာများတွင် ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ကျောက်ဆည် နိုဝင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေမှုဘဝ မြင့်မားစေရေးအတွက် မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ အစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျီးပြကျေးရွာနှင့် ပြည်တော်သာ ကျေးရွာများတွင် ကုန်စည်စီးဆင်းမှုမြန်ဆန်စေပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်ထုတ်လမ်းများလျာထားပြီး အကောက်အထည်ဖော် ဆောင်ရွက် နိုင်စေရေး ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လျာထားကုန်ထုတ်လမ်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့် ဝန်ထမ်းများက ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများ၊ ကုန်ထုတ်လမ်းဘေး ဝဲယာမှ တောင်သူများနှင့် တွေ့ဆုံပြီး ကုန်ထုတ်လမ်း ဖောက်လုပ်သွားမည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး လမ်းဖောက်လုပ်နိုင်ရေး တိုင်းတာမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျီးပြကျေးရွာတွင် လျာထားဆောင်ရွက်ပေးမည့် ကုန်ထုတ်လမ်းအရှည်မှာ (၃၉၄၂)ပေ ရှည်လျားပြီး ကုန်ထုတ်လမ်းဖော်ဆောင်နိုင်ခဲ့ပါက မြေဧက (၂၀၀) မှ ထွက်ရှိသော ကုန်ပစ္စည်းများ အချိန်ရာသီမရွေး သယ်ဆောင်နိုင်မည်ဖြစ်ပြီး ပြည်တော်သာကျေးရွာ ကုန်ထုတ်လမ်း ဖော်ဆောင်နိုင်ပါက မြေဧက (၂၄၅)ဧကမှ ထွက်ရှိသော ပစ္စည်းများ အလွယ်တကူ သယ်ဆောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။

လှူဒါန်းမှုများကို ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်က လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုလွှာများပြန်လည်ပေးအပ်ခဲ့ပြီး  လက်ခံရရှိသည့် အလှူငွေများနှင့်ပစ္စည်းများကို ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် စနစ်တကျ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)