မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Face Shield နှင့် Mask Campaign ပြုလုပ်

 မဘိမ်း  နိုဝင်ဘာ ၂၄                            

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ Face Shield နှင့် Mask Campaign ကို ယနေ့နံနက် ၇ နာရီအချိန်ခန့်က မဘိမ်းမြို့၊ ကုန်းခါးရပ်ကွက် လမ်းဆုံပန်းခြံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဘိမ်းမြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင် ရန်အတွက် နေအိမ်ပြင်ပထွက်ခွာပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ တစ်ဦးနှင့်တစ်ဦး ခပ် ခွာခွာနေကြရန်၊ စနစ်တကျလက်ဆေးကြရန်၊ လူစုလူဝေးများကိုရှောင်ရှားရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာ ပေးခြင်းနှင့် Face Shield နှင့် Mask Campaign ပြုလုပ်ပြီး ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်မာရေးမှ တာဝန်ရှိသူ များနှင့် ရပ်ကွက်အုပ်ချုပ်ရေးများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)