အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရေး အသိပေးကြေညာ

အင်္ဂပူ   နိုဝင်ဘာ   ၂၄

အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် အသိပေးကြေညာခြင်းကို ယနေ့နံနက် ၈ နာရီက အင်္ဂပူမြို့ မြို့ပေါ်ရပ်ကွက်များ၊ ဈေးနှင့် လူစည်ကားရာနေများ၌ အသိပေး ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးကြေညာခြင်းကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်၏ စီမံလမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်းပြီး အင်္ဂပူမြို့ပေါ် ရပ်ကွက်များ၊ ဈေးနှင့်လူစည်းကားရာ နေရာများတွင် ပြည်သူများလိုက်နာ ဆောင်ရွက်ရေးအတွက် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား အသိပေးကြေညာခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)