လေးမျက်နှာ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နယ်၊ မဲဇလီအုပ်စု မဲဇလီကျေးရွာတွင် နိုဝင်ဘာလ ၂၀ ရက်က မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော အိမ်ထောင်စုအတွက် ယမန်နေ့ မွန်းလွဲ (၂) နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လေးမျက်နှာမြို့နယ် မဲဇလီအုပ်စု၊ မဲဇလီကျေးရွာတွင် နိုဝင်ဘာလ ၂၀ ရက်၌ မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သောအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၉၀၀၀၀၊ လူဦးရေ (၅) ဦးတို့အတွက် ဆန်ရိက္ခာ ခုနစ်ရက်စာ ထောက်ပံ့ငွေကျပ် ၁၀၅ဝဝ၊ စုစုပေါင်း ကယ်ဆယ်ရေး ထောက်ပံ့ငွေကျပ် ၁၀၀၅ဝဝ ကျပ်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ အိမ်ထောင်စုများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)