ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဘီလူးချောင်း အမှတ်(၂)ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ(လောပိတ) ရေပြန်လည်ကျဆင်းရေး ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

လွိုင်ကော် အောက်တိုဘာ ၁၃

ဘီလူးချောင်းရေမြင့်တက်ခဲ့မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ရေစီးကြောင်းများမှ တစ်ဆင့်ဘီလူးချောင်းအမှတ် () ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း စက်တင်ဘာလ ၃၀ ရက်မှ စတင်၍ ရေများဝင်ရောက်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စက်ရုံအတွင်း ရေထပ်မံဝင်ရောက်မှုမရှိစေရေး ရေကြီးရေလျှံမှုကာကွယ်နိုင်ရန်အတွက် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပြီးလက်ရှိတွင် ရေများပြန်လည်ကျဆင်းလျက်ရှိသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ဘီလူးချောင်း အမှတ် () ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ(လောပိတ) ရေဝင်ရောက်မှုမှ ကာကွယ်ရန် ဘီလူးချောင်းအမှတ်()စက်ရုံနှင့် အမှတ်()စက်ရုံအကြား ပြည်နယ်အစိုးရအဖွဲ့မှ စီမံပေးထားသည့် Backhoe ယာဉ်များ၊ မြေသယ်ယာဉ်များဖြင့်  ရေတားတမံအသစ် တည်ဆောက်နေသည့်နေရာ၌ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျေးရွာသူ ကျေးရွာသားများက ရေတားတမံလုပ်ငန်းစုပေါင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။ လက်ရှိ ရေတားတမံအသစ်တည်ဆောက်မှုမှာ (၉၀) ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး လုပ်ငန်းများ အမြန်ပြီးစီးရေး ဆက်လက်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လုပ်အားပေးပါဝင်ဆောင်ရွက်သူများကို စားသောက်ဖွယ်ရာများပေးအပ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။

ထို့နောက် အမှတ်()စက်ရုံအတွင်း ရေစုပ်စက်()လုံးဖြင့် ရေများကျဆင်းစေရေး ဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ပြီး စက်ရုံနှင့် စက်ရုံဝန်းအတွင်း ရေကျဆင်းခဲ့သည့်နေရာများ၌ သဲနုန်းများ ဖယ်ရှားရှင်းလင်းရေး၊ စက်ရုံဝန်းအတွင်း ရေထပ်မံဝင် ရောက်မှုမရှိစေရေး သဲအိတ်ကာရံခြင်းနှင့် လိုအပ်သည်များဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ စက်ရုံ Switch Yard အတွင်း ရေကျဆင်းလျက်ရှိသည့် အခြေအနေအား ကြည့်ရှုစစ်ဆေးကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စက်ရုံဝန်ထမ်းများကို စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။   

ဘီလူးချောင်း အမှတ်() ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း  စက်တင်ဘာလ ၃၀ ရက်က ရေစတင်ဝင်ရောက်ခဲ့ပြီး ယနေ့ရေအခြေအနေမှာ ယခင်ကထက် ပေခွဲခန့် ကျဆင်းလျက်ရှိသည်။ ရေများအမြန်ဆုံးကျဆင်းရေးနှင့် စက်ရုံအမြန်ပြန်လည် လည်ပတ်နိုင်ရေးကို တာဝန်ရှိသူများက အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)