ပုသိမ်မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

ပုသိမ် မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ပုသိမ်မြို့ပေါ်ရပ်ကွက်များရှိ (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများ ထောက်ပံငွေပေးအပ်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ(၃)လပတ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့အတွက် ၃ လတစ်ကြိမ် ထောက်ပံငွေကျပ် တစ်သောင်းစီကို ပုသိမ်မြို့နယ်မှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားစုစုပေါင်း( ၁၅၄၂ )ဦးတို့ကို တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး နော်သာဝါးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်(၁၅)ခုမှ အဘိုးအဘွားများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ပုသိမ်မြို့နယ် ရပ်ဝေးရှိ အဘိုးအဘွားများကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
မြင့်ဟန် (ပုသိမ်ခရိုင် ပြန်/ဆက်)