မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၄
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေး ဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်မှ ကစတင်ကာ ထီတိုလို ကျေးရွာအုပ်စု အတွင်းရှိ ထီတိုလိုချောင်းဝကျေးရွာ၊ ဖိုးခွာကျေးရွာ၊ ထီတိုလိုအဖျားကျေးရွာ၊ သံသပ်ကျေးရွာ၊ ကမ်းဇောက်ကျေးရွာနှင့်လတာကြီး ကျေးရွာတို့အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် အသိပညာပေး လှည့်လည် ကြေငြာခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများမှ ကျေးရွာနေပြည်သူများအား နှာခေါင်းစည်းများ အခမဲ့မျှဝေပေးခြင်း၊ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်ဝေမျှခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များအား အများပြည်သူတို့ သိရှိလိုက်နာ နိုင်စေရန် ကွင်းဆင်းလှည့်လည်၍ Hand Speaker ၊ Loud Speaker များဖြင့် အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)