အထက(၁) Quarantine Centre ၌ တာဝန်ထမ်းဆောင်နေသော အရန်မီးသတ်တပ်ဖွဲ့များအား အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်း


နောင်ချို   နိုဝင်ဘာ ၂၄


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊နောင်ချိုမြို့ အထက(၁) Quarantine Centre ၌ တာဝန်ထမ်းဆောင်နေသော အရန်မီးသတ်တပ်ဖွဲ့များအား ယမန်နေ့က အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများကို  မိခင်ကလေးကျန်းမာရေးဌာန  ဆရာမများ စုပေါင်း၍  လှူဒါန်းခဲ့ကြောင်း သိရသည်။


ထိုသို့လှူဒါန်းရာတွင် နောင်ချိုမြို့  မိခင်ကလေးကျန်းမာရေးဌာန  ဆရာမများက အထက(၁) Quarantine  Centre တွင် စေတနာဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေကြသော အရန်မီးသတ်တပ်ဖွဲ့များအတွက် အလှူငွေကျပ် ငါးသောင်းနှင့် Handgel နှင့် Mask စသော ကျန်းမာရေးသုံးပစ္စည်းများကို   လှူဒါန်းပေးခဲ့ရာ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လက်ခံရယူကာ ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့သည်။


အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ကာလအတွင်း Quarantine Centre ၌ Quarantine ဝင်ရောက်နေသူများအား လိုအပ်သော စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး မိမိတို့အကျိုးအတွက်မဟုတ်ဘဲ  မြို့နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်နေကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို-ပြန်ဆက်)