လယ်ဝေး နိုဝင်ဘာ ၂၄
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း(၁၀၀)အောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ နည်းပညာအဆိုပြုလွှာ စာအိတ်(A)များ ဖွင့်ဖောက်စစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲ က လယ်ဝေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် က ကုမ္ပဏီများ၏တင်ဒါအဆိုပြုလွှာများ တင်သွင်းသည့် စာအိတ်(A)များ ဖွင့်ဖောက်စစ်ဆေးသည့်အခါ ကုမ္ပဏီများ၏အချက်အလက်များ၊ အင်ဂျင်နီယာဦးရေ၊ ငွေကြေးဆိုင်ရာ အချက်အလက်များနှင့် နည်းပညာဆိုင်ရာတင်ပြမှုများကို စစ်ဆေးပြီး အချက်အလက် တစ်ခုခြင်းကို အမှတ်ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် လယ်ဝေးမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေ တို့က တင်ဒါလုပ်ငန်းများဖွင့်ဖောက်စစ် ဆေးခြင်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နည်းပညာအဆိုပြုလွှာ စာအိတ်(A)များ ဖွင့်ဖောက်စစ်ဆေးခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်တင်ဒါကော်မတီဝင်များ၊ တင်ဒါစိစစ်ရေးနှင့် လက်ခံရေးကော်မတီများနှင့် တင်ဒါတင်သွင်းသည့် ကုမ္ပဏီများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)