ပန်လုံမြို့၌ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသူ/အသင်းသားများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်


ပန်လုံ        နိုဝင်ဘာ    ၂၄

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ဝန်ထမ်းပေါင်းစုံငွေစု ငွေချေး သမဝါယမအသင်းလီမိတက်မှ ကိုဗစ်-၁၉ ကာလအတွင်းအသင်းသူ/အသင်းသားများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ပန်လုံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။


ပန်လုံမြို့၊ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တွင် အသင်းသူ/အသင်းသား (၇၅)ဦးရှိပြီး အသင်းသားတစ်ဦးလျှင် ငွေကျပ်(၃၀၀၀/)၊ ဆပ်ပြာမှုန့်(၁)ထုပ်၊ နေကြာဆီ (၅၀)ကျပ်သား(၁)ဘူး နှုန်းဖြင့် စုစုပေါင်းတန်ဖိုး(၅၃၇၀၀၀/)ကျပ်ကို အသင်းဥက္ကဋ္ဌ (မြို့အုပ်ချုပ် ရေးမှူး) ဦးအာကာထွန်းသိန်းနှင့် မြို့နယ်သမဝါယမဦးစီးမှူး ဒေါ်ဇင်မာထွန်းတို့က ထောက်ပံ့ပေး အပ်ခဲ့သည်။

ထို့နောက် အသင်းသား(၇၅)ဦးအား စုဆောင်းသည့် ငွေပမာဏအပေါ်မှ အတိုးရရှိငွေ (၄၁၁၇၃၉၀/)ကျပ် ကိုလည်း ထုတ်ပေးခဲ့ကြောင်း သိရသည်။


 ပန်လုံပြန်/ဆက်