ကျိုင်းတုံ အောက်တိုဘာ ၂၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပရိဘောဂနှင့်စာအုပ်၊ စာစောင်များပေးအပ်လှူဒါန်းပွဲကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးစိုးနိုင်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများစာအုပ်စာစောင်များကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ပရိဘောဂနှင့် စာအုပ်စာစောင်များ လှူုဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျိုင်းတုံမြို့နယ်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မတည်ငွေကျပ်သိန်း (၅၀) ဖြင့် ထောက်ပံ့ပေးသည့် ကျေးရွာစာကြည့်တိုက် (၂) တိုက်အတွက် ပရိဘောဂနှင့် စာအုပ်စာစောင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှု ကော်မတီဝင်များ၊ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က စာအုပ်၊ စာစောင်များကို ပေးအပ်သည်။
ထို့အပြင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေက ကျိုင်းတုံမြို့နယ်အတွင်း စံညီ (၅) ရပ်နှင့် ကိုက်ညီသည့် ကျေးရွာစာကြည့်တိုက် ၇ တိုက်အတွက် ငွေကျပ် ၁၄ သိန်းတန်ဖိုးရှိ စာအုပ်၊ စာစောင် (၈၄၀) အုပ်ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)