ပူတာအိုမြို့ အ.ထ.က (ပူတာအို) ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် ဓာတ်ပုံပြပွဲများကွင်းဆင်းဆောင်ရွက်

ပူတာအို အောက်တိုဘာ ၂၃

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကျောင်းသားလူငယ်များ စာပေနှင့်ရင်းနှီးကျွမ်းဝင်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်စေရန်ရည်ရွယ်ကာ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် ဓာတ်ပုံပြပွဲများကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အ.ထ.က(ပူတာအို) ကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုက နယ်လှည့်စာကြည့် တိုက်ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆရာ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား သုတရသစာအုပ် (၁၀၀) အုပ် ငှါးရမ်းပေးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်များ၊ အေးချမ်းသာယာပြည်မြန်မာရောင်စုံဓာတ် ပုံပြပွဲများခင်းကျင်းပြသလျက်ရှိရာ ဆရာ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)