ညောင်ဦး နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ သီရိပစ္စယာရပ်၊ ဧရာဝတီမြစ်ရေ တင်လုပ်ငန်းမှာ ဧရာဝတီမြစ်သဲသောင်ထွန်း ရေစီးကြောင်းပြောင်းသဖြင့်ရေပြေးလုပ်ငန်း များရပ်ဆိုင်းခြင်းမရှိစေရန် ယနေ့၊ မွန်းတည့် ၁၂နာရီအချိန်က တာဝန်ရှိသူ များသွားရောက်ကာ ရေပေးလုပ်ငန်းရပ်ဆိုင်း ခြင်းရှိစေရန် ကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက်နေကြောင်း ညောင်ဦးမြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင် ထံကသိရသည်။
ပုဂံမြို့ ရပ်ကွက်သုံးရပ်ကွက်ဖြစ်သည့် သီရိပစ္စယာရပ်၊ ကျန်းစစ်သားရပ်နှင့်အနော် ရထာရပ်တို့တွင် အဓိကရေးပေးနေသည့် နေရာဖြစ်ရာ မြစ်ကြောင်းပြောင်းလဲပြီးသောင် ထွန်းမှုကြောင့်ရေပြတ် လတ်မှုမရှိစေရေးအတွက် ညောင်ဦးမြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင် ၊ညောင်ဦးမြို့နယ်၊စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ ညောင်ဦးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ စည်ပင်သာယာရေးအမှု ဆောင်အရာရှိ ဦးတင်မြင့်၊ ညောင်ဦးမြို့နယ် ရေအသုံးချရေးနှင့် မြစ်ချောင်းများဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ ရေပေးရေးလုပ်ငန်းများ ရပ်ဆိုင်းမှုမရှိအောင် ကနဦးကွင်းဆင်းဆောင်းရွက် လျက်ရှိကြောင်းသိရသည်။
အဆိုပါ ပုဂံမြို့ရေပေးရေးဆောင်ရွက်သော ဧရာဝတီမြစ်ရေ တင်လုပ်ငန်းသည် ရေစစ်ကန် (၆၀ ပေx ၃၀ပေx၁၀ပေ)ရေဂါလံ တစ်သိန်းဆံ့ကန်၊ အနည်ထိုင်ကန်(၅၆ပေx ၂၈ပေ x၁၂ပေ)ရေဂါလံ တစ်သိန်းဆံ့ တစ်ကန်၊ရေကြည်ကန် (၄၅ပေx ၃၀ပေx၁၂ပေ)ရေဂါလံတစ်သိန်းဆံ့ကန်ဖြင့် ပုဂံမြို့ရပ် ကွက်သုံးရပ်ကွက်သို့ရေဖြန့်ဝေပေး လျက်ရှိရာ ရပ်ကွက်သုံးရပ်ကွက် အိမ်ထောင်စုပေါင်း (၂၆၂၃)ခန့်၊ သုံးရပ်ကွက်ပေါင်းလူဦး ရေ (၉၉၆၀)ဦးခန့်သုံးစွဲနေသည့်ရေပေးရေးလုပ်ငန်းဖြစ်ကြောင်းလည်း သီရိပစ္စယာရပ် အုပ်ချုပ်ရေးမှူး ဦးချစ်ဆန်းကပြော၍သိရသည်။
ကိုထိန်၊KPD