နမ္မတူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ငွေလုံးငွေရင်းလုပ်ငန်း ခွင့်ပြုငွေဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းအား ကြီးကြပ်စစ်ဆေးဆောင်ရွက်

 

နမ္မတူ   နိုဝင်ဘာ ၂၄

နမ္မတူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်အတွင်း ငွေလုံးငွေရင်းလုပ်ငန်း ခွင့်ပြုငွေ(၉၈.၇)သိန်းဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ကြီးကြပ်စစ်ဆေးခြင်းကို ယနေ့ နံနက် (၁၀) နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၇)၌ ဆောင်ရွက်ခဲ့သည်။


ထို့သို့ ကြီးကြပ်စစ်ဆေးဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဆန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနရုံးမှ အမှုဆောင်အရာရှိ ဦးသက်နိုင်ထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်အေးမာဝင်းတို့က (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်အတွင်း ငွေလုံးငွေရင်းလုပ်ငန်းခွင့်ပြုငွေ(၉၈.၇)သိန်းဖြင့် ဆောင်ရွက်လျက်ရှိသော နမ္မတူ မြို့နယ် ပန်ဟိုက်ရပ်ကွက် (၇)ရှိ ဂန္ဓမာလမ်းသွယ် အရှည် (၄၃၀)ပေ၊ အကျယ် (၁၀)ပေ၊       ထု (၆)လက်မရှိ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြီးကြပ် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း နမ္မတူမြို့နယ် စည်ပင် သာယာရေးဦးစီးဌာနရုံးမှ အမှုဆောင်အရာရှိ ဦးသက်နိုင်ထွန်းထံမှ သိရသည်။
    
လူမော် (ပြန်/ဆက်)