တောင်ကြီးမြို့၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧကများ စံကွက်ရိတ်သိမ်း


တောင်ကြီး  နိုဝင်ဘာ  ၂၄


ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့မကျေးရွာအုပ်စု ကွမ်းဘုံကျေးရွာ ကိုရိုနာ ဗိုင်းရပ်စ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ရွှေညောင်မြို့မကျေးရွာ အုပ်စုကွမ်းဘုံကျေးရွာ၊ ကွင်းအမှတ် ၁၀၁ ၊ ဦးပိုင် ၁  တွင် စိုက်ပျိုးထားသော တောင်သူ ဦးလောလီ ၏မိုးစပါး မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းစံကွက် ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၉ နာရီ  အချိန်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် လယ်စပါး(ရွှေရင်အေး) ၆.၆ပေပတ်လည်နှင့် ၆.၆ ပေ ပတ်လည် စံကွက်ရိတ်သိမ်းမှုအား ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်း၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်းနှင့်တကွ ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မိမိလှိုင်း၊ စိုက်ပျိုးရေး ဦးစီးဌာန၊ တောင်ကြီးခရိုင်၊ ခရိုင်ဦးစီးမှူး ဦးလှငြိမ်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးဆွေတင်သန်း၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဝင်း၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်း ဦးစီးဌာနမှ တာဝန်ရှိသူများမှ တက်ရောက်ကြည့်ရှုခဲ့ကြသည်။


မိုးစပါးလယ်စပါး(ရွှေရင်အေး) ၆.၆ ပေ ပတ်လည်စံကွက်အား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ကြရာ ကောင်း၊ သင့်၊ ညံ့(၃)ကွက်၏ပျမ်းမျှအထွက်နှုန်းများ တွက်ချက်ခဲ့ပြီး တစ်ဧက(၁၄၃.၇၅) တင်း ထွက်ရှိခဲ့ပြီး တောင်ကြီးမြို့နယ်အနေဖြင့် CERP အစီအစဉ်အရ မိုးစပါးမျိုးသန့် မျိုးစေ့ထုတ် ကွက်ဧက(၃၃၅)ဧကစိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်း သိရသည်။


စိုင်းသန်းကျော်(တောင်ကြီး)