ကလေးစာပေပွဲတော်(လပွတ္တာ) ပိတ်ပွဲကျင်းပ

လပွတ္တာ ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော လပွတ္တာမြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ  ၂ နာရီက လပွတ္တာမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဧရာဝတီခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသြကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှနှင့်  လပွတ္တာခရိုင်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ထင်တို့က အမှာစကားပြောကြာပြီး ကလေးစာပေပွဲတော်တွင် ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူ ကလေးငယ်များအား အသီးသီးဆုများ ပေးအပ်ခဲ့သည်။

အဆိုပါ လပွတ္တာမြို့ ကလေးစာပေပွဲတော်သို့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု(၈၂) အုပ်စုမှ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၀၀၀၀) ကျော် ပါဝင်ဆင်နွှဲခဲ့ပြီး ပြိုင်ပွဲများအလိုက် ကျောင်းသား၊ ကျောင်းသူ (၄၇) ဦးအား ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်