ပင်လုံတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပ

လွိုင်လင် ဇန်နဝါရီ ၉

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပင်လုံတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက လွိုင်လင်ခရိုင် အားကစားကွင်းတွင် ကျင်းပကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပင်လုံတက္ကသိုလ် ပထဝီဝင်ဘာသာရပ် ပါမောက္ခဌာနမှူး ဆရာကြီး ဒေါက်တာမင်းလွင် အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြပြီးနောက် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။ ဆက်လက်၍ ပြေးခုန်ပစ်ပြိုင်ပွဲများကို ကျင်းပသည်။

အဆိုပါ ပင်လုံတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် မီတာ ၅၀၀၀ ၊ မီတာ ၈၀၀ ၊ မီတာ ၄၀၀  ၊ မီတာ ၂၀၀ ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲများ ၊ လှံတံပစ် ၊ သံပြားပစ် ၊ သံလုံးပစ်၊ အလျားခုန် ၊အမြင့်ခုန် ပြိုင်ပွဲများတွင် အသင်း(၇) သင်း ၊ ပြိုင်ပွဲဝင်အားကစားသမား ၆၀ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

မိုးလွင်ဦး (ခရိုင်ပြန်/ဆက်)