မိုင်းယောင်းမြို့နယ်၌ ဆောင်းသီးနှံများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

မိုင်းယောင်း နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တောင်သူများသည် မိုးစပါးရိတ်သိမ်းပြီးချိန်၌ ဆောင်းသီးနှံများကို ဆက်လက်စိုက်ပျိုးရာ ယခုအချိန်မှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် စားဖိုဆောင်အတွက် ဆောင်းသီးနှံများဖြစ်သည့် ငရုတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ နနွင်းနှင့် ဟင်းသီးဟင်းရွက်များဖြစ်သည့် ဂေါ်ဖီထုပ်၊ မုန်ညှင်း၊ နံနံ၊ ကိုက်လန်၊ ကန်စွန်း၊ ချဉ်ပေါင်၊ ခရမ်း၊ ဖရုံ၊ ဘူး၊ ရုံးပတီနှင့် ပဲအမျိုးမျိုး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုကာလမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလဖြစ်တာကြောင့် မိမိတို့ရဲ့ လတ်ဆတ်သော ခြံထွက်သီးနှံများကိုသာ အားထားပြီး စားသုံးကြသဖြင့် လယ်ယာလုပ်ငန်းခွင် ရိတ်သိမ်းပြီးချိန်မှာ လယ်ကွင်းမှာပဲ ဆောင်းသီးနှံကို ဆက်လက်စိုက်ပျိုးကြတာဖြစ်တယ်။ စိုက်ပျိုးတဲ့အခါလည်း စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းပေါင်းစပ်ဆောင်ရွက် ပေးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အားချာ(ပြန်/ဆက်)