မိုင်းယုမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ ဆက်လက်ကြပ်မတ်စစ်ဆေး

မိုင်းယု နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ကြိုတင်ကာကွယ်တားဆီးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုနှုန်းလျော့ချနိုင်ရေးတို့အတွက် နှာခေါင်းစည်း (Mask) မတပ်ပဲ  လမ်းသွားလမ်းလာပြည်သူများကို မိုင်းယုမြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ကော်မတီအဖွဲ့မှ ယနေ့တွင် အခုဝယ်အခုတပ်စနစ်ဖြင့် ဆက်လက်ကြပ်မတ် စစ်ဆေးလျက်ရှိသည်။

အဆိုပါ  စစ်ဆေးဆောင်ရွက်ခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေး ဦးအောင်ပြည့်ဖြိုး၏ ကြီးကြပ်မှုဖြင့်နှာခေါင်းစည်း (Mask) တပ်ဆင်ရေး ဆော်ဩပညာပေးစစ်ဆေးရေးအဖွဲ့ (၁)က နံနက်ပိုင်းအချိန်တွင် ခရီးသွားပြည်သူများ၊ ဈေးရောင်း/ဈေးဝယ် ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများကို နှာခေါင်းစည်းမတပ်ဘဲ သွားလာပါက အခုဝယ်/အခုတပ်စနစ်ဖြင့် အထူးကြပ်မတ်ကာ ပညာပေးခြင်းများ ပြုလုပ်လျက်ရှိသည်။

ယင်းနောက် ညပိုင်းစားသောက်ဆိုင်များ စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့(၂)နှင့် နေ့လည်ပိုင်း စားသောက်ဆိုင်၊ ဈေးဆိုင်များ စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့ (၃)တို့က  နေ့လည်ပိုင်းနှင့် ညပိုင်းတွင် ဖွင့်လှစ်ရောင်းချနေကြသည့် စားသောက်ဆိုင်များ၊ ဈေးဆိုင်နှင့် ပျံကျဈေးသည်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားများနှင့်အညီ သုံးကြိမ်တိတိလိုက်နာဆောင်ရွက်ထားမှုမရှိပါက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီက လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)