စဉ့်ကိုင်မြို့နယ် အဝေရာ ရာမရန်ကင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ အသက်(၁၀)နှစ်အောက် ကလေးငယ်များအား နို့အာဟာရတိုက်ကျွေး

စဉ့်ကိုင်     နို၀င်ဘာ  ၂၅


မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏အစီအစဉ်ဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ရှိ (၁၀) နှစ်   အောက် ကလေးငယ်များ အား    နို့အာဟာရ တိုက်ကျွေးရေး  စီစဉ်ဆောင်ရွက်လျက်ရှိရာ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာအုပ်စု၊ မြောက်ကျောက်မိုင်းကျေးရွာရှိ အဝေရာ ရာမ ရန်ကင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင်  အသက်(၁၀)နှစ်အောက် ကလေးငယ်များအား နို့အာဟာရ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက အာဟာရနို့များတိုက်ကျွေးခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာအဝေရာ ရာမ ရန်ကင်းကျောင်းတိုက် ဆရာတော်အရှင် အာလောကအား မြို့နယ်အမျိုးသမီး ကော်မတီအဖွဲ့၀င်များက လှူဖွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ပြီး  အသက်(၁၀)နှစ်အောက်  ကလေးငယ် (၄၀)ဦးတို့အားနှာခေါင်းစည်း Mask များ စနစ်တကျ တပ်နည်း၊ ချွတ်နည်း လက်ဆေးနည်းများကိုပြသပေးခဲ့ကာ နို့အာဟာရများ တိုက်ကျွေးခဲ့ကြပြီး  စဉ့်ကိုင်မြို့နယ်တွင် အောက်တိုဘာလမှ စတင်၍ အပတ်စဉ် အင်္ဂါနေ့  နှင့်  သောကြာနေ့များ တွင် ပုံမှန်တိုက်ကျွေး လျက်ရှိကြောင်း နှင့် ရှေးဦးအရွယ် ကလေးသူငယ်များဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်ရေး ၊ ကျန်းမာသန်စွမ်းစေရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန် ရည်ရွယ်၍ တိုက် ကျွေးခြင်း ဖြစ်ကြောင်းသိရသည်။
ညိုညို၀င်း(စဉ့်ကိုင်-ပြန်/ဆက်)