နောင်ချိုမြို့နယ် ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းသို့ အလှူရှင်များမှ အလှူငွေများလှူဒါန်း

နောင်ချို   နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဖြူစင်မေတ္တာလူမှုကူညီရေး အသင်းသို့ အလှူရှင်များမှ ယမန်နေ့ က အလှူငွေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှူဒါန်းရာတွင် နောင်ချိုမြို့နေ ဦးစံဌေး+ ဒေါ်ခင်ကြည် မိသားစု (စိုးမြန်မာ- ဟော့ပေါ့နှင့် အကင်ဆိုင်) မှ အလှူငွေကျပ်(၁) သိန်း၊ ရတနာမိုး ထီဆိုင်မိသားစုမှ အလှူငွေကျပ်(၁) သိန်း၊  ဦးစိုးသန်းမိသားစုမှ   အလှူငွေကျပ် (၂) သိန်း  စုစုပေါင်း အလှူငွေကျပ် (၄) သိန်းကို လှူဒါန်းပေး ခဲ့ရာ   ဖြူစင်မေတ္တာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးချိုတူး က လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းသည်  ကိုဗစ်-၁၉ ကာလအတွင်း မြို့အဝင် ခြေမြစ်ပင် စစ်ဆေးရေးဂိတ်တွင်  ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Tesk  Kit ဖြင့် စစ်ဆေးရာတွင်  ပါဝင်ဆောင်ရွက်ပေးခြင်း၊ ပိုးတွေ့လူနာတွေ့ရှိပါက နောင်ချိုမြို့ Hospital  Quarantine သို့  ပို့ဆောင်ပေးခြင်း၊ ပိုးတွေ့လူနာနှင့်ထိတွေ့မှုရှိသူများအား အထက(၁) Quarantine  Centre သို့ ပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နယ်၏အခြားလူမှုရေးကိစ္စရပ်များ၊ သာရေး၊ နာရေးများတွင် စေတနာထက်သန်စွာ ဆောင်ရွက်နေကြသော အသင်းဖြစ်ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)