မြင်းခြံ နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနလက်အောက်ရှိ မြင်းခြံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရုံးအသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီ အချိန်က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးသစ်အား မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးချမ်းမြေ့၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ကြသည်။
အဆိုပါ ရုံးအဆောက်အဦသည် (၆၀'၊ ၄၀'၊ ၂၈') ပေ RCC (၂) ထပ်ဖြစ်ပြီး ပြည်ထောင်စု ဘတ်ဂျက် ၁၁၇ သန်းဖြင့် သစ်လွင်ဦး ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ထားကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)