မန္တလေး နိုဝင်ဘာ ၂၅
အောင်မြေသာစံမြို့နယ် ပြည်ကြီးရန်လုံရပ်ကွက်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါရပ်ကွက်အတွင်းရှိ အကွက်အမှတ် (၆၈/က) နှင့် (၆၈/ခ) တို့၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက် ကျန်းမာရေး တာဝန်ခံဆရာမ ဒေါ်အေးမြင့်ရည်နှင့် ဝန်ထမ်းများ၊ ပြည်ကြီးရန်လုံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးလွင်နှင့် ရာအိမ်မှူးများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ(၂)မှ ဒုတိယတပ်ခွဲမှူး ခင်မောင်ရင်၊ ရပ်ကွက်အရန်မီးသတ်တပ်စုမှူး ကျော်ဦးနှင့်တပ်ဖွဲ့ဝင်များက စုပေါင်း၍ ပြည်ကြီးရန်လုံရပ်ကွက်အတွင်း လှည့်လည်ပြီး ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဟန်းစပီကာများ အသုံးပြု၍ ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်းအခုရေ (၁၀၀၀) တို့အား အခမဲ့ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)