ရှားတော၊ နိုဝင်ဘာ ၂၅
ကယားပြည်နယ်၊ ရှားတောမြို့နယ် စလောင်းကျေးရွာခန်းမဆောင်တွင် လူမှုဝန်ထမ်း ဦးစီးဌာန က ကြီးမှူး၍ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များက စလောင်း ကျေးရွာ ရှိ ကလေးသူငယ်များအား ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း နှင့် ဓမ္မဓိဌာန် မေးခွန်းများ ဖြေဆိုခြင်းကိုယမန်နေ့ညနေ(၄:၃၀)နာရီအချိန်ကဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် မြို့နယ်ဥပဒေအရာရှိ ဦးရဲဝဏ္ဏထွဋ် က ကလေးသူငယ်ဆိုင်ရာ ဥပဒေအကြောင်းကို ရှင်းလင်းဟောပြောပြီး မြို့နယ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်ရီရီချို က ကလေးသူငယ်များ၏ အခွင့်အရေးနှင့် မြန်မာနိုင်ငံကလေးများနေ့ အကြောင်းကို အသိပညာပေးပြောကြားပြီး ကလေးသူငယ်များက ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဓမ္မဓိဌာန် မေးခွန်းများဖြေဆိုခဲ့ကြကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)