ငပုတော နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စုအတွင်း ခရီးသွားလာကြသော ပြည်သူများ ပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာခြင်း ရှိ၊မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ကမ်းနီ ကျေးရွာအုပ်စုကျန်းမာရေးဌာနခွဲမှ ဆေးမှူးဦးဟန်ဝင်းအောင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့မှ ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်သွားလာခြင်းမရှိသော ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်း၊ အဟောင်းများ တပ်ဆင်သွားလာသူများကိုလည်း အသစ်နှင့်လဲလှယ် တပ်ဆင် အသုံးပြုစေကာ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
ငပုတောမြို့နယ်အတွင်း၌ အသွားအလာ ကန့်သတ်စခန်း ၅၈ ခု ဖွင့်လှစ်ထားကာ အသွားအလာ ကန့်သတ် စောင့်ကြည့်ခံရသူ ၂၉၇ ဦးရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)