သာစည် နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီက ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးခြင်းနှင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု (Mask Campaign) ကို ယနေ့နံနက် ၉ နာရီက မြို့မဈေးကြီးနှင့် ယာယီ ပျံကျဈေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုလှုပ်ရှားမှုတွင် မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်နှင့် ကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် စည်ပင်သာယာ ရေး အဖွဲ့ဝန်ထမ်းများက ဈေးရောင်းဈေးဝယ်များအား Face Shield နှင့် Mask များ မဖြစ်မနေ စနစ်တကျတပ်ဆင်ကြရန် အသိပညာပေးစည်းရုံးလှုံ့ဆော်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ၊ နှာချေချောင်းဆိုးသည့်အခါ လိုက်နာရမည့်ကျင့်ဝတ်များ၊ နှာခေါင်းနှင့်ပါးစပ်ကို ကာကွယ်ရသည့် အကြောင်းရင်းများပါသော ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင် များနှင့် နှာခေါင်းစည်း အခု ၅၀၀၀ တို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်း(ပြန်/ဆက်)