တနင်္သာရီ နိုဝင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာမြှင့်တင်ရေးနှင့် နေအိမ်မှအပြင်သို့ထွက်တိုင်း နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလူထုလှုပ်ရှားမှု Mask Campaign ကို ယနေ့ နံနက် ၇ နာရီအချိန်ကစ၍ လူစည်ကားရာဈေးနှင့် ပြည်ထောင်စုလမ်းမကြီးရှိ နာရီစင်အရှေ့၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ Mask Campaign ပြုလုပ်ရာ၌ မောတောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက် ဦးဆောင်၍ မောတောင်မြို့မရဲစခန်းမှူး ရဲအုပ်မင်းနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ အထက (ခွဲ) မောတောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွယ်နှင့် ဆရာ/ဆရာမများ၊ (၁၆) ကုတင်ဆံ့ မောတောင်မြို့ တိုက်နယ်ဆေးရုံ တာဝန်ခံ ဒေါက်တာသီဟအောင်နှင့် ကျန်းမာရေးဌာန ဆရာမ များ၊ ဌာနဆိုင်ရာများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူး ဦးဆွေမြင့်နှင့် ဝန်ထမ်းများ၊ ပြည်ဖြိုးထွန်း ဆီအုန်းစိုက်ပျိုးရေး ကုမ္ပဏီမှမန်နေဂျာ ဦးကျော်နိုင်နှင့် ဝန်ထမ်းများ၊ မြို့မ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးသက်နှင့် အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ မောတာင်မြို့မဈေး အရှေ့နှင့် ပြည်ထောင်စုကားလမ်းမကြီးရှိ နာရီစင်အရှေ့နေရာတို့၌ ခရီးသွားမိဘ ပြည်သူများ၊ လမ်းသွားလမ်းလာများ၊ ဈေးရောင်းဈေးဝယ်သူများအား Mask များဖြန့်ဝေပေးခြင်း၊ လက်သန့် ဆေးရည်ဖျန်းပေးခြင်း၊ ကိုဗစ်-၁၉ ဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခြင်းတို့ဖြင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)