ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉အတည်ပြုလူနာ စုစုပေါင်း(၅၁)ဦး ဆေးရုံဆင်းခွင့်ရရှိ

ကျောင်းကုန်း နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင်  Plan  C ဆေးရုံအဖြစ် အိုးအိမ်ဝန်ထမ်း အိမ်ယာမှ ကိုဗစ်အတည်ပြုလူနာ(၇)ဦး ယမန်နေ့ ညနေပိုင်းက နေအိမ်ပြန်ခွင့်ပြုခဲ့ကြောင်း၊ နေအိမ်၌ HQ (၇)ရက် ဆက်လက် နေထိုင်ရအုံးမည်ဖြစ်‌ကြောင်း ကျန်းမာရေးဌာနက သိရသည်။

ကျောင်းကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉အတည်ပြုလူနာများမှာ အမှတ်(၁)ရပ်ကွက်(၁၁)ဦး၊ အမှတ်(၂) ရပ်ကွက်(၁၇)ဦး၊ အမှတ်(၃)ရပ်ကွက်(၁၀)ဦး၊ လှည်းဆိပ်အုပ်စုအုပ်စု(၁၆)ဦး၊ ကွမ်းခြံကုန်းအုပ်စု(၆)ဦး၊ သစ်ဆိမ့်ကုန်းအုပ်စု(၁)ဦး၊ အိုးဘိုအုပ်စု (၁)ဦးနှင့် ပန်းတောရိုးအုပ်စု(၁)ဦး၊ စုစုပေါင်း(၆၃)ဦးရှိပြီး၊ ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့် ရရှိသူ(၅၁)ဦးရှိကာ အိုးအိမ်ဝန်ထမ်းအိမ်ယာတွင် လက်ရှိအတည်ပြုလူနာ (၁၂)ဦးသာရှိတော့ကြောင်း၊ အတည်ပြု လူနာများ၊ ဆက်စပ်သူများအား ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)