ဝိုင်းမော် နိုဝင်ဘာ ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကိုဗစ်-၁၉ လမ်းညွှန်ချက် များနှင့်အညီ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူ ဦးထွန်းထွန်းမှ ဝိုင်းမော်မြို့နယ်အတွင်း ကထိန် သင်္ကန်းဆည်းကပ်လှူဒါန်းပွဲကို သံဃာတော်၊ လူပုဂ္ဂိုလ် (၃၀)ထက်မပိုသော ကထိန်အနေဖြင့် ကျင်းပဆောင်ရွက်နိုင်ရေး ပဒေသာပင်စီတန်းလှည့်ခြင်းကို လက်တလောမပြုလုပ်ကြရန်၊ ဧည့်ပရိသတ်များ ဖိတ်ခေါ်ခြင်းမပြုဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များနှင့်အညီ ပြုလုပ်နိုင်ရေး ဆွေးနွေးကြသည်။
ခိုင်သက်မွန်(ပြန်/ဆက်)