ချောင်းသာမြို့စပါးထား တံတားပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်

ချောင်းသာ  နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အမှတ်(၃)ရပ်ကွက်ရှိ စပါးထားတံတား၏ အောက်ခံ သံဘောင်တန်းများမှာ သံချေးစားပေါက်ပြဲပြီး ကြံ့ခိုင်မှုအားနည်း‌နေသည့်အတွက် သွားလာရေးလုပ်ငန်းများ အဆင်ပြေစေရန် ရွှေသောင်ယံမြို့ လမ်းဦးစီးဌာနမှ ကြည့်ရှုစစ်ဆေးပြီး ရွှေသောင်ယံမြို့ အမှတ်(၃) ရပ်ကွက်ရှိ ရွှေဟိန်းထက် ကုမ္ပဏီမှ ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါတံတားပြုပြင်မှုအပိုင်းများကို နိုဝင်ဘာလ(၂၃)ရက်နေ့နံနက် (၁၁)ခန့်ရီခန့်မှ စတင်ဆောင်ရွက် လျက်ရှိကာ နိုဝင်ဘာလ(၂၅)ရက်နေ့ညနေပိုင်းတွင် ပြုပြင်မှုလုပ်ငန်းများကိုအပြီး သတ်ဆောင်ရွက်နိုင် မည်ဟုခန့်မှန်းထားကြောင်း တံတားပြုပြင်ရေးပိုင်များကို ဆောင်ရွက်နေသော တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါစပါးထား တံတားသည်ချောင်းသာမြို့နှင့်ရွှေ‌ သောင်ယံမြို့ရှိ ကျေးရွာအုပ်စုများသို့သွားလာရာ တွင်အဓိကအသုံးပြု လျက်ရှိသော တံတားတစ်စင်းဖြစ်ပြီး‌ ရွှေသောင်ယံမြို့နှင့် ကျေးရွာအုပ်စုများမှ ပြည်သူများအတွက် ပုသိမ်ကဲ့ သို့မြို့ကြီးများနှင့် ကုန်စည်စီးဆင်းမှုများ ဆောင်ရွက်ရာတွင် အဓိက အားထားနေရသော တံတားတစ်စင်း လည်းဖြစ်
သည် ။ ထို့ကြောင့်ပြုပြင်နေဆဲကာလတွင် ကုန်စည်စီးဆင်းမှုနှင့် ကျန်းမာရေးကဲ့သို့ အရေးကြီးကိစ္စများအတွက် သွားလာနေရသောကားများ အဆင်ပြေစေရန် အပေါ်လမ်းပိုင်းတစ်ခုဖြစ်သည့် တောင်သာယာလမ်းပိုင်းကို ရွှေဟိန်းထက် ကုမ္ပဏီမှ စက်ယန္တရားများဖြင့် ဖေါက်လုပ်ဆောင်ရွက်ပေးထားလျက်ရှိကြောင်း သိရသည်။


ကိုကိုမောင် ပြန်/ဆက်