မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၅
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပူပြင်းခြောက်သွေ့သော ရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးကြေညာချက်များကို မြို့နယ်အတွင်း နံနက်၊ ည အချိန်ခွဲ၍ နှိုးဆော်လျက်ရှိသည်။
မြို့နယ်အတွင်းရှိ ရပ်ကွက်များအား အလှည့်ကျစနစ်ခွဲ၍ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်မော်တော်ယာဉ်ဖြင့် မြို့ပေါ် ၁၃ ရပ်ကွက်သို့ လိုက်လံနှိုးဆော်ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးမျိုးဇော် ကြီးကြပ်လမ်းညွှန်မှုဖြင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ နိုင်ငံတော် ပိုင်စက်ရုံ၊ အလုပ်ရုံများ၊ ရုံး၊ အဆောက်အဦ၊ ယဉ်ကျေးမှုအမွေအနစ်များနှင့် ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ် ဥစ္စာများကို မီးဘေးအန္တရာယ်ဆိုးကြီးမှ ကြိုတင် ကာကွယ်နိုင်ရန် မီးဘေးကြိုတင် ကာကွယ် တားဆီးရေး ဆိုင်ရာ အမိန့်နှင့်ညွှန်ကြားချက် (၂၄)ချက်များ၊ ဆေးလိပ်သောက်ခြင်း၊ လောင်စာဆီအသုံးပြုခြင်း၊ မီးဖိုအသုံးပြုခြင်း၊ ဘုရားမီး၊ အမွှေးတိုင်၊ ခြင်ဆေးခွေအသုံးပြုခြင်း၊ လျှပ်စစ်မီးအသုံးပြုခြင်းများတွင် သတိထား လိုက်နာရမည့်အချက်များကို မြို့တွင်းသို့ လိုက်လံနှိုးဆော်ခဲ့ကြပြီး လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက တည်ဆဲ ဥပဒေများအရ လည်းကောင်း၊ ၂၀၁၅ခုနှစ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဥပဒေပုဒ်မ (၃၄)အရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခြင်းဆောင်ရွက်ကြောင်း သိရှိရသည်။
သီတာအောင်(ပြန်ဆက်)