ပင်လောင်းမြို့၌ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် ဆောင်ရွက်ရမည့်အချက်များ ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပင်လောင်း   နိုဝင်ဘာ   ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိရာ     စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် ဆောင်ရွက်ရမည့်အချက်များ ပြည့်စုံမှု ရှိ/မရှိကို ယနေ့နံနက်ပိုင်း က ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စစ်ဆေးရာ၌ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် ပြင်ဆင်ဆောင်ရွက် ထားရှိရမည့် အချက်(၁၂)ချက်၊ စားသောက်ဆိုင်မှ တာဝန်ရှိသူများ၊ ဆိုင်ဝန်ထမ်းများ လိုက်နာ ဆောင်ရွက်ရမည့် အချက် (၁၆)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ၊  ညွှန်ကြားချက်များ လိုက်နာမှု ရှိ/မရှိ အေ၊ဘီ၊စီဖြင့် အဆင့်သတ်မှတ်ပြီး စားသောက်ဆိုင်များအား  ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ အဖွဲ့နှစ်ဖွဲ့ခွဲပြီး  ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခွန်အာကာစိုး(ပင်လောင်း)