ရွှေကူမြို့နယ်၌ RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ယာဉ်နောက်လိုက်(၁)ဦးထံမှ ကိုဗစ်−၁၉ရောဂါပိုး ထပ်မံတွေ့ရှိ

ရွှေကူ  နိုဝင်ဘာ ၂၅

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့နယ်အတွင်း ဖြတ်သန်းဝင်ရောက်လာသော ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ     ဘီး ကုန်စုံတင်ယာဉ်ဖြင့် လိုက်ပါလာသူ ယာဉ်နောက်လိုက် မန္တလေးတိုင်း ဒေသကြီး အောင်မြေသာဇံ မြို့နယ်၌ နေထိုင်သော အမျိုးသားတစ်ဦးထံတွင် ကိုဗစ်၁၉ ရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိခဲ့သည်။

အဆိုပါ ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိသူ ယာဉ်နောက်လိုက်()ဦးအား ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ ၎င်းနှင့်အတူပါလာသည့် ကုန်တင်ယာဉ်မောင်း ()ဦးအား ရွှေကူမြို့  အမှတ်() အခြေခံပညာ အထက်တန်းကျောင်းရှိ Facility Quarantine Centre တွင် ပို့ဆောင်ထားရှိကြောင်း သိရသည်။

ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်၁၉ရောဂါ ကျန်းမာရေး ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်း နှင့်ယာဉ်နောက် လိုက်များအား ရွှေကူမြို့နယ် ကျန်းမာရေးဝန်ထမ်းများက RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ယနေ့နံနက်ပိုင်းအထိ ကိုဗစ်၁၉ရောဂါ ပိုးတွေ့ရှိသူ စုစုပေါင်း(၁၅)ဦး ရှိပြီဖြစ်ကြောင်း၊ ()ဦးမှာ ကျန်းမာရေးပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်၁၉ရောဂါ ကြိုတင် ကာကွယ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)