မဘိမ်းမြို့၌ ၂၀၂၀ ပြည့်နှစ် ဆောင်းရာသီသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ တောင်သူများထံ ဆက်လက်ထုတ်ချေးပေး

မဘိမ်း   နိုဝင်ဘာ  ၂၅                             

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် မိုးမိတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်မှ မဘိမ်းမြို့ မြို့မရပ်ကွက်နှင့် မအူကုန်းကျေးရွာအုပ်စုရှိ တောင်သူများအား ၂၀၂၀ ပြည့်နှစ် ဆောင်းရာသီသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် (၁၀:၃၀) အချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထို့သို့ထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်အတွင်းရှိ တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးစရိတ်ထုတ်ချေးခြင်းများကို ကျေးရွာများအလိုက်ခွဲ၍ ထုတ်ချေးပေးခဲ့ပြီး မြို့မ ရပ်ကွက်တွင် တောင်သူ(၅၆)ဦး၏ ဆောင်းသီးနှံစိုက်ဧက (၃၆၇)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့် ငွေကျပ်(၃၆၇)သိန်းနှင့် မအူကုန်းကျေးရွာအုပ်စုတွင် တောင်သူ(၃၂)ဦး၏ ဆောင်းသီးနှံ စိုက်ဧက (၁၉၄)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့် ငွေကျပ်(၁၉၄)သိန်း၊ စုစုပေါင်း တောင်သူ (၈၈)ဦး၏ ဆောင်းသီးနှံစိုက်ဧက (၅၆၁)ဧကအတွက် ငွေကျပ်(၅၆၁)သိန်းအား ဆောင်းသီးနှံစိုက် တောင်သူများထံသို့ ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)