မင်းတပ်၌ စုပေါင်းမဟာဘုံကထိန်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်

မင်းတပ် နိုဝင်ဘာ ၂၅

မင်းတပ်မြို့၌  ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံနှင့် ရပ်ကွက်ပြည်သူများ၏ စုပေါင်းမဟာဘုံကထိန် ပို့ဆောင်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ကျင်းပဆောင်ရွက်သည်။

ယခုနှစ်တွင် မဟာဘုံကထိန်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ လှည့်လည်ပွဲများကျင်းပခြင်းမပြုဘဲ ကထိန်ပြုလုပ်မည့် တောင်ပုလုကျောင်းတိုက်သို့ ပို့ဆောင်ကြခြင်းဖြစ်သည်။

စုပေါင်းမဟာဘုံကထိန်အလှူကို ယနေ့နံနက် နာရီတွင် တောင်ပုလုကျောင်းတိုက်၌ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များနှင့် ရေစက်ချလှူဒါန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်သာသနာရေးဦးစီးမှူး ဦးမြင့်ထွန်းထံမှ သိရသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများ၏ ပဒေသာပင်( ၂၀)ခု၊ ရပ်ကွက်ပြည်သူများ ၏ ပဒေသာပင်() ခု၊ဖြင့် ပစ္စည်းတန်ဖိုးနှင့်ငွေသားတန်ဖိုး စုစုပေါင်းတန်ဖိုးငွေကျပ် ၁၁၂၀၁၉၀၀ ပါဝင် လှူဒါန်းကြကြောင်း သိရသည်။

ခွီရှိန်းမောင်း(မင်းတပ်)