ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သော အဖွဲ့ပေါင်းစုံဖြင့် ယနေ့နံနက် (၈) နာရီခွဲအချိန်က နှာခေါင်စည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်အဖြစ် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းလှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သက်ဦးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးချမ်းငြိမ်းနှင့် ဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အမျိုးသမီး ကော်မတီတို့ ပူးပေါင်းပါဝင်သော အင်အား(၅၀)ဦးဖြင့် လူစည်ကားရာ နေရာ(၄)နေရာတွင် အဖွဲ့(၄)ဖွဲ့ခွဲကာ၊ နှာခေါင်စည်းမဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်အဖြစ်၊ Mask အခုရေ (၇၅၀၀) ဖြန့်ဝေပေးခဲ့ကြပြီး၊ အပြင်ထွက်တိုင်း မဖြစ်မနေ Mask တပ်ဆင်သွားလာ ကြရန်နှင့် မလိုအပ်ပဲ အပြင်ထွက်ခြင်းနှင့် လူစုလူဝေးဖြင့် သွားလာခြင်းများ ရှောင်ကြဉ်ကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)