ကန်ကြီးထောင့်မြို့နယ် ပြည်သူ့စာကြည့်တိုက်၌ အွန်လိုင်းမှတစ်ဆင့် ကဗျာရွတ် အစီအစ‌ဉ် တင်ဆက်

ကန်ကြီးထောင့်   နိုဝင်ဘာ ၂၅

ကိုဗစ်-၁၉ ကာလအတွင်း စာဖတ်ပရိသတ်များနှင့် ပြည်သူများ အသိပညာ၊ ဗဟုသုတများ ရရှိစေရန် အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး အစီအစဉ်ကောင်းများစွာကို အွန်လိုင်းစနစ်ဖြင့် အပတ်စဉ်တိုင်း ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိရာ ယ‌နေ့နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ကဗျာရွတ် အစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့သည်။              

ကဗျာရွတ် အစီအစဉ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျရောက်မည့် နှစ် (၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆရာ ကျော်စောဟန် ရေးသားသည့် ဗေဒါ၏ မုဒိတာနှင့် ခြွေခြွေခူးခူး ဝေဦးမှာ ကဗျာစုမှ "ညီညွတ်သက်ပေး အမျိုးသားရေး" ကဗျာကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်နွယ်နွယ်ထွန်းက ရွတ်ဆိုခဲ့ပြီး အဆိုပါ အစီအစဉ်ကို Kangyidaunt Library Facebook Page နှင့် IPRD Kangyidaunt Facebook Page တို့မှ အွန်လိုင်းစနစ်ဖြင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)