ချမ်းမြသာစည် နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်မည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို စာစီစာကုံးပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စာစီစာကုံးပြိုင်ပွဲတွင် ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၃၀) ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို "စာဖတ်ခြင်း၏အကျိုးကျေးဇူးများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "စာအုပ်စာပေလူ့မိတ်ဆွေ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ခရိုင်အဆင့် စာစီစာကုံးပြိုင်ပွဲသို့မဟာအောင်မြေခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာသက်လှစုနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြသန္တာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ရည်မွန်သူနှင့် မြို့နယ်ဦးစီးမှူးဒေါ်ခင်စိမ်းဝင်း၊ ကိုယ်ပိုင်ကျောင်းများနှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ/ဆရာမများလာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ချမ်းမြေ့