တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာစျေး၌ နှာခေါင်စည်း Mask တပ်ဆင်ရေး အသိပညာပေး

တန့်ယန်း  နိုဝင်ဘာ  ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့နယ်မှဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများ ဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြရာ ယနေ့နံနက်ပိုင်း က မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့မစျေးအတွင်း စျေးရောင်း/စျေးဝယ်ကြသူများအား နှာခေါင်းစည်း Mask တပ်ဆင်ရေး အသိပညာပေး ဆောင်ရွက်ကြသည်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာန စျေးတာဝန်ခံ ဦးစောနိုင်နှင့် တာဝန်ရှိသူတို့က စျေးရောင်းချသူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ကြေညာထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ရောင်းချရန် အသိပညာပေးကာ စျေးအတွင်း ဝင်ရောက်သူတိုင်းအား အပူချိန်တိုင်းတာပေးခြင်းနှင့် လက်ကိုစနစ်တကျ ဆေးကြောရန်၊  နှာခေါင်းစည်း Mask တပ်ဆင်ရန် အသိပညာပေး ဆောင်ရွက်ကြကြောင်း သိရသည်။                                               

မင်းလွင်ဦး(ပြန်/ဆက်)