မိတ္ထီလာ နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (၁ဝ၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် ဦးစွာ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာရွှေညာမြေမြတ်သင်းကြိုင်က ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြိုင်ပြောကြားပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသူကျောင်းသား ၁၂ ဦးက ပါဝင်ယှဉ်ပြိုင်သည်။
ထို့နောက် ဆုရရှိကြသည့် ကျောင်းသူကျောင်းသားများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ ဦးစီးအရာရှိ ဒေါ်မာလာဆွေဝင်း၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ရွှေညာမြေမြတ်သင်းကြိုင်၊ စာရေးဆရာမြင့်မားအောင်နှင့် စာရေးဆရာကိုသစ္စာ (ထီလာ)တို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ အဆိုပါပုံပြင်ပြောပြိုင်ပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ